အင်္ဂပူ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို ယနေ့နံနက်ပိုင်းက မြို့မစျေးရှေ့တွင် သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးအောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဘိုဘိုနှင့်အင်္ဂပူမြို့ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့ကကြည့်ရှု၍ စားသုံးသူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် အခြေခံစားသောက်ကုန် ဆင်းသုခဆန် တစ်ပြည် ၂၀၀၀ ကျပ် ၊ ကြက်ဥတစ်လုံး ၃၀၀ ကျပ် ၊ ဆီငါးဆယ်ကျပ်သား ၃၅၀၀ ကျပ်နှုန်းတို့ဖြင့် ကြက်ဥ (၁၀၀၀) လုံး၊ စားအုန်းဆီ (၇၅) ပိဿာ၊ဆင်းသုခဆန်(၅)အိတ်တို့ ရောင်းချ ပေးခဲ့ကြောင်းသိရသည်။
မန်းကျော် (ပြန်/ဆက်)