ကျွန်းလှ ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြရာ တစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။
“ကျွန်းတော်ဒေသကြက်မွေးမြူလာတာ သုံးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။ ဒေသကြက် အထီးတစ်ကောင်နဲ့ အမတစ်ကောင် စတင်မွေးမြူခဲ့ပြီး အခုဆိုရင် ကြက်အသေး အကြီးအကောင် ၄၀ ကျော်ရှိပါတယ်။ ဒေသကြက်က မွေးမြူရာမှာ ကုန်ကျစရိတ်သက်သာပြီး ဈေးကောင်းလည်း ရပါတယ်။ မွေးမြူပြီးသုံးလခန့်မှာရောင်းရပြီး တစ်ခါရောင်းရင် မိသားစုအတွက် ငွေကျပ် နှစ်သိန်းကျော်မိသားစုဝင်ငွေရရှိပါတယ်”ဟု ရှမ်းစုကျေးရွာဒေသ ကြက်မွေးမြူသူ ဦးအောင်မျိုးက ပြောသည်။
အဆိုပါဒေသကြက်များကို မြို့ပေါ်ဈေးများ၌ ပြန်လည်ရောင်းချသူများနှင့်နီးစပ်ရာ မြို့များ၊ ကျေးရွာများမှ တစ်ပိဿာ ငွေကျပ် ၂၀၀၀၀ ဈေးဖြင့် အိမ်အထိ လာရောက်ဝယ်ယူကြကြောင်း သိရသည်။
မျိုးဝင်းညို