ဖျာပုံ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်း အခြေခံစားကုန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် လတ်တလော ဖြစ်ပေါ်ခဲ့သော သဘာဝဘေးဒဏ်ကြောင့် ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းစျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား လိုက်လံစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား အခြေခံစားကုန်စျေးနှုန်း တည်ငြိမ်မှုရှိစေရေးနှင့် လတ်တလောဖြစ်ပေါ်ခဲ့သော သဘာဝဘေးဒဏ်ကြောင့် ဘိလပ်မြေအပါအဝင် ဆေက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းစျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး လိုက်လံကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်