ပခုက္ကူ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး၏ လမ်းညွှန်မှုဖြင့် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပခုက္ကူမြို့ရှိ အခြေခံပညာကျောင်း (၁၇)ကျောင်းတို့ထံ ကွင်းဆင်း၍ မိုးရာသီကာလ၌ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ကျောင်းဝန်းအတွင်းရှိ ဘုရားပန်းအိုးများနှင့် ရေလှောင်ကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ ရေလှောင်ကန်များ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)