သံတောင်ကြီးဒေသထွက်ရာသီစာ ဒရင်ကောက်ပင်များလိုက်လံချိုးယူရောင်းချသူများပိုများလာ

သံတောင်ကြီး ဇွန် ၁၁

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးဒေသသည်‌  တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် အလုပ်အကိုင်များ ရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဥယျာဉ်ခြံအတွင်းရှိ ချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့် လယ်ကွက်များတွင်      သဘာဝအတိုင်း ပေါက်‌ရောက်သည့် ဒရင်ကောက်ပင်များကို  လိုက်လံချိုးယူရောင်းချသူများ ပိုများလာကြောင်း သိရသည်။

ဒရင်ကောက်ပင်များသည်‌ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရရှိသည်သာမက အာဟာရ ဓါတ်များစွာ ပါဝင်သည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်။ ယခုမိုးတွင်းအချိန်တွင် ဒရင်ကောက်ပင်များ ပေါ်ချိန်ဖြစ်ပြီး ဒေသခံပြည်သူများမှာ လိုက်လံချိုးယူကာ မိမိတို့ စားသုံးရန်အတွက်သော်လည်းကောင်း သံတောင်ကြီးမြို့ပေါ်ရှိ တခြားစားသုံးသူများထံသော်လည်းကောင်း  ရောင်းချပေးလျက်ရှိပြီး တစ်ရက်လျှင် ဒရင်ကောက် အစည်း (၄၀) ခန့် ချိုးယူရရှိပြီး တစ်စည်းကို ကျပ်(၁၀၀၀) ရောင်းချရကြောင်း ဒရင်ကောက်ပင်များ လိုက်လံချိုးယူရောင်းချသူ  ဒေါ်ထူးထူးထံက သိရသည်။

နော်နော်မူ