ငပုတောမြို့နယ်၌ ပန်းတိုင်အတွက်နှုန်းရရှိစေရေး ရည်မှန်းချက် မိုးစပါးနယူးဧရာ-၁၁  မျိုးသန့်စံပြစိုက်ခင်း တောင်သူများအား  မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ငပုတော ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပန်းတိုက်အထွက်နှုန်းရရှိစေရေးရည်မှန်းချက် မိုးစပါးနယူးဧရာ -၁၁ မျိုးသန့် စံပြ စိုက်ခင်းတောင်သူများအား မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာစေရေး ကော်မတီဥက္ကဋ္ဌဦးကျော်သူက ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်များ၊ နည်းစနစ်သစ်များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်းက မျိုးသန့်၊ မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြပြီး အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များ မေးမြန်လာမှုအပေါ် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးကပြန်လည် ဖြေကြားပေးခဲ့သည်။ ထို့နောက် မျိုးပန်းတိုင်အထွက်နှုန်းရရှိစေရေး ရည်မှန်းချက် မိုးစပါး နယူးဧရာ-၁၁မျိုးစေ့များကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)