ကန့်ဘလူ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်က ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက် တောင်သူ ၃၁ ဦးအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နှစ်ကချေးငွေများ အပြေအကျေပေးဆပ်ပြီးသည့် တောင်သူများကို ဦးစားပေးထုတ်ချေးပေးလျက်ရှိပြီး လယ်တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှုန်း၊ အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် တောင်သူ ၃၁ ဦး၏ လယ်မြေဧက ၁၀၀ အတွက် ငွေကျပ် သိန်း ၁၅၀ ကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် ချေးငွေထုတ်ချေးပေးရန်ကျန်ရှိနေသော ကျေးရွာအုပ်စု (၈)အုပ်စု၊ တောင်သူ ၉၆၀ ဦး၊ လယ်ဧကပေါင်း ၃၁၈၂ ဧကအတွက် ချေးငွေကျပ် စုစုပေါင်း ၄၇၇၃ သိန်းကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ချေးပေးရန် လျာထားကြောင်း ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်စန်စန်းအေးထံမှ သိရသည်။
အောင်ဝင်းငြိမ်း