ဇလွန်မြို့ ညောင်ပင်စျေးရပ်ကွက်တွင် ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး

ဇလွန် ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ် ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ညောင်ပင်စျေးရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ယင်းသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန် ဆင်းသုခဆန် တစ်ပြည်လျှင် (၂၀၀၀)ကျပ် နှုန်း၊ ဆီ ငါးဆယ်ကျပ်သား တစ်ဘူးလျှင်(၃၅၀၀) ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၃၃၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ယင်းသို့ ရောင်းချပေးနေမှုအား ဟင်္သာတခရိုင် ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ၊ ဟင်္သာတခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်း၊ မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)