သာပေါင်းမြို့နယ်၊ သံလျက်စွန်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မြေမြှုပ်ထည့်သွင်းစိုက်

သာပေါင်း ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊သဲဖြူ ကျေးရွာအုပ်စု၊သံလျက်စွန်း ကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မြေမြှုပ်ထည့်သွင်းစိုက်ပျိုးခြင်းကို ဇွန်လ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က တောင်သူဦးမြင့်စိုး၏ ကွင်းအမှတ် (၆၇၉)၊ ဦးပိုင်အမှတ်(၄/၂)၊(၅)ဧက လယ်မြေ၌ ထည့်သွင်းခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရေးကော်မတီအတွင်းရေးမှူး၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးမြင့်လွင်မှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊သွင်းအားစု ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေးတိုးတက်ကောင်းမွန်လာခြင်း စသည့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊‌ မေလဆန်းဝန်းကျင်တွင် တစ်ဧက (၄) ပြည်နှုန်း ကြဲပက်စိုက်ပျိုးရန်၊ အစိုဓာတ်လိုအပ်ပါက ရေခပ်ပါးပါး တစ်ကြိမ်သွင်းပါ၊ စိုက်ပြီး (၄၅) ရက်သားအချိန်သည် အပင်အတွက်အဓိက အာဟာရဓါတ်များဖြစ်သော နိုက်ထရိုဂျင် ဖေါ့စ်ဖေါရပ်(ဖေါ့စ်စဖိတ်)၊ပိုတက်ရှ် အများဆုံးပါဝင်ချိန်တွင် ထယ်ထိုး‌မြေမြှုပ်၍သစ်စိမ်းမြေဩဇာ မြေဆွေးဓါတ်ရရှိစေပြီး မြေအချဉ်အငန်ကိုလည်း ၎င်းသစ်စိမ်းမြေဆွေးဓါတ်က ထိန်းညှိပေးပါကြောင်း မြေကြီးရုပ်ဂုဏ်သတ္တိပိုမိုကောင်းမွန်းလာပါကြောင်း မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသသည် နှစ်စဉ်မိုးရေချိန်လက်မ(၈၀)ခန့်ရွာသွန်းခဲ့မှုကြောင့် မြေဆီလွှာအပေါ်ယံစိုက်ပျိုးမြေများမှာ အချဉ်ဓါတ်ရှိမြေများဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ခြင်းဖြင့် အပင်များစားသုံးရန် N.P.K အာဟာရဓါတ် ရရှိစေရုံမကပဲ မြေချဉ်မှု (PH အနိမ့်) ကိုလည်း မြှင့်တင်ပေးနိုင်ပြီး (၂)ပတ်အကြာတွင်စပါးစိုက်ပျိုးနိုင်ပါ‌ကြောင်း တို့ကို အသိပညာပေးပြောကြားပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်မြေမြှုပ်ထည့်သွင်းစိုက်ပျိုးကြရာ တောင်သူဦးမြင့်စိုး၏ ကွင်းအမှတ်(၆၇၉)၊ဦးပိုင်အမှတ်(၄/၂)၊ (၅) ဧက လယ်မြေပေါ်သို့ (၁) ဧကလျှင် (၄) ပြည်နှုန်းဖြင့် မြေမြှုပ်ထည့်သွင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း (ပြန်/ဆက်)