ဓနုဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဓနုဖြူ   ဇွန်   ၁၀

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန်လ ၁၀ရက်နေ့ နံနက်ပိုင်းက နန်းတော်ကုန်းကျေးရွာ အုပ်စု၊ မီးရထားဘူတာဝန်းတွင် စုပေါင်းစိုက်ပျိုးခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းအေးချမ်းဇွန်နှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၄၀၀)ဦးခန့်တို့က မန်ဂျန်ရှား (၁၅၀)ပင်၊ ကျွန်း(၁၀၁)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊စိန်ပန်း(၅၁)ပင်၊ ကံ့ကော်(၂)ပင်၊ ပျဥ်းကတိုး (၂)ပင်၊ စုစုပေါင်း (၅၀၆)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)