၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းပညာရပ်များ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

လပွတ္တာ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းပညာရပ်များ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

ထိုဟောပြောပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ဆရာမတစ်ဦးက အခြေခံနည်းပညာပိုင်းဆိုင်ရာများ၊ စက်မှုပညာပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန သင်တန်းဆရာတစ်ဦးက စိုက်ပျိုးရေးနည်းပညာပိုင်းဆိုင်ရာများအား အခြေခံအသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သင်တန်း ဆရာတစ်ဦးက မွေး‌မြူရေးပိုင်းဆိုင်ရာနည်းလမ်းများနှင့် ကုသရေးဆိုင်ရာအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)