ကျွန်းလှ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၂) တောင်သူ ဦးသန်းထွန်းဦး၏ လယ်မြေ၌ ယနေ့နံနက် ၈ နာရီက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း သရုပ်ပြပွဲ ပြုလုပ်သည်။
ဦးစွာ ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်လှကြိုင်နှင့် တာဝန်ရှိသူတို့က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပြီး ထယ်ထိုးမြှပ်နှံရမည့် အသင့်တော်ဆုံး အချိန်ကာလနှင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို ရှင်းလင်းသည်။
ထို့နောက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) များ လက်တွေ့ထယ်ထိုးထည့်သွင်း သရုပ်ပြသခြင်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ကွင်းဝန်ထမ်းများ၊ ဒေသခံတောင်သူများ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ