ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ (၁၇.၃၇)ရာခိုင်နှုန်းထုတ်ချေးပြီးဖြစ်

ကန်ကြီးထောင့် ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား မေလ ၁၉ ရက်နေ့တွင် စတင်ထုတ်ချေးခဲ့ကြောင်း သိရသည်။

ထိုသို့စတင်ထုတ်ချေးခဲ့ရာ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံံ့ဖြိုးရေးဘဏ် အနေဖြင့် ၂၀၂၅ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ဇွန်လ (၉) ရက်နေ့အထိ ကျေးရွာအုပ်စု(၁၅)အုပ်စု၊ တောင်သူ (၁၁၅၈) ဦး၊ ဧက (၈၄၁၁) ဧက၊ ငွေကျပ် (၁၂၆၁၆.၅၀) သိန်းအား ထုတ်ချေးခဲ့ပြီး ပြီးစီးမှုရာနှုန်းမှာ (၁၇.၃၇) ရာခိုင်နှုန်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင်၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား ရပ်ကွက်(၇)ခု ကျေးရွာ အုပ်စု(၇၃)အုပ်စု မှ တောင်သူ(၆၈၂၇)ဦး၏ လယ်ဧက (၄၈၄၁၃) အတွက် ချေးငွေကျပ်သိန်း (၇၂၆၁၉.၅၀) အား ထုတ်ချေးရန်လျာထားခဲ့ရာ တစ်ဧကလျှင် ကျပ် (၁၅၀၀၀၀) နှုန်းဖြင့် တောင်သူတစ်ဦးလျှင် (၁၀) ဧကအထိဖြစ်ပြီး အတိုးနှုန်းမှာ (၅)% ဖြင့်ထုတ်ချေးသွားမည်ဖြစ်သည်။ အဆိုပါချေးငွေအား နှစ်စဥ်ချေးငွေ၊ ကိုဗစ်-၁၉ အထူးချေးငွေ ရယူထားကြသောတောင်သူများ၊ အချိန်စေ့ချေး‌ငွေ အပြေအကြေပေးဆပ်ပြီးဖြစ်သော တောင်သူများအား ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)