ရေနံချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ရေနံချောင်း ဇွန် ၁၀

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် နာရီက အမှတ်()နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောရာတွင် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းက သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်နှင့် ပိုးလောက်လန်းပေါက်ပွားမှုမရှိစေရေး၊ ရေတွင်း၊ ရေကန်၊ ရေအိုးများ၊ ညောင်ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်၊ ဖွင့်၊ ထောင်၊ လောင်း စသည့် လုပ်ငန်းများဆောင်ရွက်ရန်နှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အဆိုပါအခြေခံပညာကျောင်းများအတွင်းရှိ ရေလှောင်ကန်များနှင့် ရေအိမ်သာများတွင် ခြင်ပေါက်ပွားမှုမရှိစေရေး ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)