ဘားအံ ဇွန် ၁၀
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်နှင့်အတူ ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်ရပ်ကွက်အတွင်းရှိ ဘက်စုံသုံးအားကစားရုံ ရှင်းလင်း ဆောင်သို့ ရောက်ရှိခဲ့ပြီး ဆောက်လုပ်ရေးစီမံကိန်းမန်နေဂျာမှ အားကစားရုံဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက အားကစားရုံ အဆောက်အဦအား အရည်အသွေးပြည့်မှီစွာ တည်ဆောက်နိုင်ရေးနှင့် သတ်မှတ်အချိန် ကာလအတွင်းပြီးစီးအောင် ဆောက်လုပ်နိုင်ရေးစသည့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘက်စုံ သုံးအားကစားရုံ (၂၀၀′×၁၃၀၀′)အဆောက်အဦးတည်ဆောက်ခြင်းလုပ်ငန်းအား ဆက်လက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွန်မှာကြားခဲ့သည်။
အဆိုပါဘက်စံသုံးအားကစားရုံ (၂၀၀′×၁၃၀၀′) အဆောက်အဦးတည်ဆောက်ခြင်းလုပ်ငန်းအား လုပ်ငန်းတစ်ခုလုံး ခွင့်ပြုရန်ပုံငွေကျပ် (၃၉၈၀.၅)သန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ စဆင်၍ ခွင့်ပြုရန်ပုံငေါကျပ် (၁၉၉၀.၂၅)သန်း ၁၀-၇-၂၀၂၄ ရက်နေ့တွင် စတင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အောင်သံလွင် ဘောလုံးအားကစားကွင်းနှင့် အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ ပြည်နယ် အားကစားခန်းမပတ်ဝန်းကျင်ရှိ ယခင်ဆောက်လုပ် ငှားရမ်းခဲ့သည့် ဈေးဆိုင်ခန်း (၅၂)ခန်း အား ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်လမ်းညွန်မှုဖြင့် မေလ ၁၅ ရက်နေ့တွင် နောက်ဆုံးဖျက်သိမ်းရှင်းလင်းပြီးစီးမှုနှင့် ခြံစည်းရိုး၊ အုတ်တံတိုင်းကာရံဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)