ရေကြည်မြို့နယ်၌ (၄၆) ကြိမ်မြောက်မဟာသမယနေ့နှင့် (၆၄) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်း အနားကျင်းပ

ရေကြည် ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ (၄၆) ကြိမ်မြောက် မဟာသမယနေ့နှင့် (၆၄) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြည်တော်အေးမင်္ဂလာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူတော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ဦးစောထွန်းဝင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်သာသနာပြု ပထမဆင့်ဗုဒ္ဓသာသနဝုတိကရဂုဏ်၊ ဗုဒ္ဓသာသနဟိတရေဂုဏ်၊ ဗုဒ္ဓသာသနာနုရက္ခိတဂုဏ်၊ မဟာထေရဂုဏ်၊ သီလသမာဓိ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသောအသုတ်မြို့ အမှတ် (၄) ရပ်ကွက် မြို့ရိုးပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတအရှင်မြတ်အား နိုင်ငံတော်အစိုးရက သာသနာတော်ဆိုင်ရာ ဆက်ကပ်လှူဒါန်းသော "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ဦးစောထွန်းဝင်းမှ ဆက်ကပ်လှူဒါန်း‌ပေးခဲ့သည်။

ဆက်လက်၍ (၂၀၂၄) ခုနှစ် ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲ၊ အဘိဓမ္မာနှင့်ဝိသုဓိမဂ်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသည့်ရေကြည်မြို့နယ်ရှိ စာအောင်သံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် ဆုဝထ္ထုငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) နှင့်အဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သာသနာ့ဒါယကာ၊ ဒါယိကာမများမှ စာအောင်လက်မှတ်၊ စာအောင်ဆုများ ဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများအား ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဥက္ကဋ္ဌဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနှင့် ကောင်းမှူကုသိုလ်များကို ရေစက်သွန်းချဆုတောင်းအမျှဝေကာ အခမ်းအနားဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)