ပုသိမ် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များကို ချိုသာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးစေနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့သစ်ဈေး၌ ဆန်၊ ဆီနှင့် ကြက်ဥများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်သူများအား အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆန်တစ်ပြည်လျှင် ငွေကျပ်(၂၀၀၀)နှုန်းဖြင့် ဆန်(၁၀)အိတ်(၂၄၀)ပြည်၊ ဆီတစ်ပိဿာလျှင် ငွေကျပ်(၇၀၀၀)နှုန်းဖြင့် ဆီ(၁၁၀)ပိဿာ၊ ကြက်ဥ(၁၀)လုံးလျှင် ငွေကျပ်(၃၃၀၀)နှုန်းဖြင့်ကြက်ဥလုံးရေ(၂၀၀၀)လုံးတို့အား ရောင်းချပေးခဲ့သည်။
ထို့ကဲ့သို့ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊တိုင်းဒေသကြီးဆန်စက်ပိုင်ရှင်များအသင်းနှင့် ဆန်ကုန်သည်များအသင်းတို့က ပူးပေါင်းဆောင်ရွက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်