မြို့သစ် ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်၍ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများသို့ လှည့်လည်ကာအသံချဲ့စက်ဖြင့် မုန်တိုင်းဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်နှင့်ပတ်သက်သည့် ပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဥ်ရမည့်အချက်များကို အသိပေးနှိုးဆော်ပြီး မုန်တိုင်းဘေး၊ ရေဘေးနှင့် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)