ငဖဲ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်သည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးအစဆေးလိပ်က၊ လူငယ်လူရွယ်များဆေးသုံးစွဲရာမှ စွဲစေတတ်သည့် ဆေးဝါးများ၊ ကျောင်းသားလူငယ်များသိရှိ လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ စိတ်ကြွရူးသွပ် ဆေးပြားသုံးစွဲခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးသရုပ်ဖော် ကဗျာ၊ ပန်းချီ၊ ဓါတ်ပုံများနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများ၊ ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် နေ့ကြီးရက်ကြီးအထိမ်းအမှတ် အကြောင်းအရာများကိုသိရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပုံမှန်လဲလှယ်၍ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)