ပဲခူး ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ဇွန်လ(၉)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့စာဖြေဌာန၊ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး စာမေးပွဲ ကြီးကြပ်နာယကဆရာတော်ကြီးများအား သာသနာရေးဆိုင်ရများ လျှောက်ထားကာ နဝကမ္မအလှူငွေနှင့် အအေးဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် စာမေးပွဲဖြေဆိုတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလ ရှင်ဆရာကြီး၊ ဆရာလေးများအား အအေးဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပဲခူးမြို့စာဖြေဌာနတွင် ပါဠိပထမပြန်စာမေးပွဲအား ဇွန်လ(၂)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ယမန်နေ့ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာနှင့် သီလရှင် (၃၃၈)ပါး ဖြေဆိုတော်မူကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)