သံတောင်ကြီး ဇွန် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသူကျောင်းသားများ၊ ဒေသခံပြည်သူများက မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိစေရန် ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် မြန်မာနိုင်ငံသို့ဘိန်းစတင်ဝင်ရောက်လာပုံ၊ မူးယစ်ဆေးဝါး မသုံးစွဲမိစေရန်လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကြိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများစသည့် အကြောင်းအရာများကို ပြသ ဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာလာရောက် ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသူ/ကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ် အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ