ကောလင်း ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းမှအစပြု၍ ဆောင်းရာသီ အအေးဒဏ် လွန်ကဲလာခြင်းကြောင့် ထူထဲသည့် အနွေးထည်များနှင့် စျေးချိုသည့် ဘေထုပ်အနွေး ထည်များ ယခုရက်ပိုင်းရောင်းအား ပိုမိုကောင်းလာကြောင်း သိရသည်။
''ဒီနှစ်ဆောင်းရာသီရဲ့အအေး ပိုလာတဲ့အတွက် လက်ရှိပုံမှန် ရောင်းနေတဲ့ဘေထုပ်အပြင် တခြား အအေးဒဏ်ခံအနွေးထည်ကို စိတ်ဝင်စား သူတွေနဲ့ ဝယ်ယူအားပေး တဲ့သူတွေများလာပါတယ်။ လွန်ခဲ့တဲ့ ဆောင်းရာသီတွေမှာ အနွေးထည် ကလေးဝတ်၊ လူကြီးဝတ်အစုံ ရောင်းရတယ်။ ရုံးပိတ်ရက်တွေဆိုရင် တစ်ရက်ကိုပုံမှန် ငါးသိန်းကနေ ဆယ်သိန်းအထိ ရောင်းရတဲ့ရက်တွေ လည်းရှိလာပါတယ်။ ကျွန်မတို့ထက် ပိုရောင်း ကောင်းတာက ကျွန်မတို့ ဘေထုတ်တွေ ဖောက်တဲ့အခါမှာ အနွေးထည် တွေကတော့ အမျိုးမျိုးပဲ။ ဂျင်းထည်၊ ဂျာကင်ထည်၊ ဘောင်းဘီ အထူအပါး၊ သက္ကလတ်၊ ကုတ်၊ လောင်းကုတ် စတာတွေကိုရွေးပြီး ကျေးရွာတွေဘက်မှာ သွားရောင်းကြတော့ တစ်ဆင့်ခံပြန်လည် ရောင်းချ သူတွေ ပိုလို့အဆင်ပြေကြပါတယ်" ဟု ဘေထုတ် ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
ကောလင်း၊ ဝန်းသိုတွင်နှစ်စဉ် ဆောင်းရာသီရောက်ပါက စျေးနှုန်းချိုသာသော အနွေးထည်များကို အခြေခံလူတန်းစားများ သာမက ငွေကြေး ချမ်းသာသည့် အသိုင်းအဝိုင်းများအထိ ဝယ်ယူ ဝတ်ဆင်ကြပြီး ဂျင်း၊ သက္ကလတ်၊ လောင်းကုတ်၊ ဂျာကင်၊ ပိုလီဖီးအင်္ကျီ၊ဘောင်းဘီ၊ ခြုံစောင် အမျိုးမျိုး၊ ခေါင်းစွ၊ လက်အိတ်၊ ခြေစွပ်၊ ဘောင်းဘီ၊ အင်္ကျီအနွေး ထည်များမှာ ပုံမှန်ရောင်းချ နေကြရပြီး ယခုနှစ် ဆောင်းရာသီတွင် အအေးပို လာသည့်အတွက် ယခင်နှစ်များထက် ပိုမိုရောင်းကောင်းကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)