သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်

သံတောင်ကြီး ဇွန် ၁၀ 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်()နာရီအချိန်က သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကိုမွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဆုံဆို့ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ (ဘီ) ဦးနှောက်အမြှေးရောင်၊  ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို ကျန်းမာရေး ဆရာမ ဒေါ်ဆုသဇာမျိုးနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။

နော်နော်မူ(ပြန်/ဆက်)