ရေတာရှည် ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၌ မိုးစပါး မိုးသီးနှံ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်သုံးစွဲနည်း အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သပြေကုန်းကျေးရွာ အုပ်စုထန်းကုန်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။
မိုးစပါး မိုးသီးနှံ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့်ထုတ် လုပ်သုံးစွဲနည်းအသိပညာပေးရာတွင် ဆားရည်ဖျော်နည်းဖြင့် စပါးတစ်တင်း ချောင်ချောင်ချိချိမျိုးရွေးနိုင်ဖို့ဆိုရင် ရေ(၁၆)ဂါလံနဲ့ ဆား၈ပိဿာထည့်ပြီး ဆားရည်ဖျော်ရပါမည်။(ရေ၁ဂါလံကိုဆား၅၀ ကျပ်သားနှုန်းထား)ဖြင့်နည်းစနစ် မှန်ကန်စွာဆောင်ရွက်ရန်၊ မိုးနှမ်း စိုက်ဧကအားလုံး ဘောင်ကြီးတင်စနစ် စိုက်ပျိုးရန် တွန်းအားပေးကြောင်း စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးအရာရှိဦးနေလင်းဇော်မှ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးပွဲသို့ တက်ရောက်လာသော တောင်သူများမှ စိုက် ပျိုးရေးတာဝန်ခံများအား သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)