ပေါင်းတည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ပေါင်းတည် ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့တွင် ကုက္ကိုလ်ပင်ကျေးရွာအုပ်စုရှိ တောင်သူ ၁၈၃ ဦး၏ မိုးစပါး ၁၁၂၁ ဧက စိုက်ပျိုးရန်အတွက် ၁၆၈၁ ဒဿမ ၅ သိန်း ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးစရိတ်များထုတ်ချေးပေးရာ၌ မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ‌ ဦးသက်နိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာတို့က တောင်သူလယ်သမားမျာအနေဖြင့် သီးနှံပေါ်ချိန်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးနောက် ချေးငွေရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍရှင်သန်ဖွံဖြိုးစေလျက် ဘဏ်နှင့် တောင်သူများအကြား အတူလက်တွဲဆောင်ရွက်ရေးနှင့် ချေး‌ငွေများထုတ်ယူရာတွင် လိုက်နာရမည့်စည်းကမ်းများကို လိုက်နာဆောင်ရွက်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါးအထွက်ကောင်းရေးတို့အတွက် အကျိုးရှိစွာ သုံးစွဲရေးနှင့် စိုက်ပျိုးရေးအသိပညာများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ယနေ့အထိ တောင်သူ ၅၄၂ဦး၏ စိုက်ပျိုးမြေ ၃၃၃၆ ဧက တွင် မိုးစပါးစိုက်ပျိုးနိုင်ရန် ကျပ် ၅၀၀ ဒဿမ ၄ သန်းကို ပေါင်းတည်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက တောင်သူများအား ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

ရွှေသား