ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲဆက်လက် ဖြေဆို

ကန်ကြီးထောင့် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဇွန်လ (၄) ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်မှစတင်၍ ကန်ကြီးထောင့်မြို့နယ်၊ မဟာ သိရီမင်္ဂလာရာမကျောင်းတိုက်၊ ဘာသန္တရတက္ကသိုလ်တွင်‌ဖြေဆိုခဲ့ရာ ယနေ့တွင်လည်း ဆက်လက်ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။    

အဆိုပါ ၂၀၂၅ခုနှစ်၊ အစိုးရပါဠိ ပထမပြန်(ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲတွင် ရဟန်း၊သာမဏေ၊ သီလရှင် စုစုပေါင်း(၇၇)ပါး စာရင်းပေးသွင်းထားသည့်အနက် ပထမကြီးတန်းတွင်(၆)ပါး၊ ပထမလတ်တန်း တွင်(၁၂)ပါး၊ ပထမငယ်တန်းတွင်(၂၃)ပါး၊ အခြေပြုမူလတန်းတွင် (၁၉)ပါး စုစုပေါင်း(၆၀)ပါး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး၊ စုစုပေါင်း(၁၇)ပါး ဖြေဆိုရန်ပျက်ကွက်ကြောင်းသိရသည်။   

စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်‌အောင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေး ဌာနဝန်ထမ်းများက လိုအပ်သည်များဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ပြီး၊ စာမေးပွဲကာလနေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့၊ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များကလည်းကောင်း၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များ အတွက် စာမေးပွဲကျင်းပရေးကော်မတီမှ ဆွမ်းစရိတ်များအား ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာမေးပွဲကို ဇွန်လ(၄)ရက် နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ (၇)ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)