မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ဝါးခယ်မ ဇွန် ၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အောင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအ​စည်းအဝေးတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ (MEVM) မဲပေးစက်ကိုင်တွယ်ကြီးကြပ်မည့်သူများအား သင်တန်းများတက်ရောက်သင်ကြားပြီး ဆင့်ပွားပို့ချနိုင်စေရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဖြင့် မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာမဲပေးနိုင်ခြင်း၊ မဲရလဒ်များသည် မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲမရှိခြင်း၊ မဲမသမာမှု မပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိဝန်ထမ်းများကို မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်း သင်တန်းများပို့ချခဲ့သကဲ့သို့ မဲဆန္ဒရှင်ပြည်သူများကိုလည်း ရှင်းလင်းပြသခြင်းနှင့် လက်တွေ့မဲပေးစေခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်​​ဖြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)