ရွှေကျင် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ညောင်ဝိုင်းတရုတ်တန်းရပ်ကွက်၊ တောင်ပိုင်ဓမ္မရိပ်သာကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်း စာမေးပွဲကို ဇွန်လ (၄)မှ (၁၀)နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့ဖြေဆိုသော (ကြီး၊ လတ်)တန်းစာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ဇွန်လ (၉) ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်၌ ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲ ဆဋ္ဌမနေ့ဖြေဆိုသော စာမေးပွဲတွင် ပထမကြီးတန်း သံဃာတော်(၇)ပါး၊ ပထမလတ်တန်း သံဃာတော်(၁၅)ပါး၊ သီလရှင်(၁)ပါး စုစုပေါင်း(၁၆)ပါး၊ စုစုပေါင်းပါဠိပထမပြန်(ကြီး၊ လတ်)တန်း စာမေးပွဲကို (၂၃)ပါး ဖြေဆိုခဲ့ကြောင်းသိရသည်။ အဆိုပါ စာဖြေသံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)