ကဝ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ်(၃)ကျောင်းကြီးရပ်ကွက် စက်ကျောင်း၊ ကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော် သန့်ရှင်းရေးတည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ)တန်း စာမေးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ဆဋ္ဌမနေ့အဖြစ် ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းနှင့် ပထမလတ်တန်း ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။
စာမေးပွဲတွင် ပထမကြီးတန်း(၃)ပါး၊ ပထမလတ်တန်း(၂)ပါး၊ ဖြေဆိုလျက်ရှိပြီး စာဖြေသံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)