ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို

ကော့သောင်း ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကြီးကို ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၄)ရက်မှစ၍  ဇွန်လ (၁၀) ရက်နေ့ထိ ကျင်းပလျက်ရှိရာ ယနေ့ဆ‌ဋ္ဌမမြောက်နေ့ တွင်သတ်မှတ်ဘာသာရပ်များအား ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် နာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေးဆရာတော်ကြီးများ၊သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ပထမငယ်တန်းများက ဘာသာပြန်ဘာသာ၊ ပထမလတ်တန်းများက ယမိုက်အောက်(၅)ကျမ်းဘာသာ၊ ပထမကြီးတန်းများက ယမိုက်အထက်(၅)ကျမ်းဘာသာတို့ကို ဖြေဆိုခဲ့ပြီး ယနေ့ ဆဋ္ဌမ‌မြောက်နေ့တွင် ပထမလတ်တန်းများက ဘာသာပြန်ဘာသာ၊ ပထမကြီးတန်းများက ပဌာန်းကုသလတိက်ဘာသာရပ်များ ဖြေဆိုလျက်ရှိသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ကော့သောင်းမြို့နယ်စာသင်တိုက်အသီးသီးမှ  အခြေပြုမူလတန်း(၃၉)ပါး၊ ပထမငယ်တန်း (၂၄)ပါး၊ ပထမလတ်တန်း (၁၉) ပါး၊ ပထမကြီးတန်း (၇)ပါး၊စာဖြေသံဃာစုစုပေါင်း (၈၉)ပါး ဖြေဆို‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)