ပန်းတနော်၊ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ စဉ်ဆက်မပြတ်တိုးပွားစေရေးအတွက် စာအုပ် စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီခွဲအချိန်က ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက်၊ အ.မ.က (ရွာသစ်) ကျောင်းသို့ သုတ/ရသ စာအုပ်စာစောင် မျိုးစုံယူဆောင်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါနယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက ကျောင်းသား ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ မူလတန်းအရွယ်မှစ၍ ပုံပြင်ဖတ်ခြင်းမှ သုတ၊ ရသစာအုပ်ကောင်းများကို လေ့လာဖတ်ရှုတတ်သည့် အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်နှင့် စာပေဖတ်ရှုရခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြား တတ်စေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် ယခုလိုကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့ပြီးနောက် နံရံကပ်စာစောင်များပြသကာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုကြပြီး တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များနှင့် ဓမ္မရုပ်ပြစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)