ဓနုဖြူမြို့နယ်၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ဓနုဖြူ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ river view အနီး ဧရာဝတီမြစ်အတွင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သဘာ၀ဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်‌လေ့ကျင့်ခြင်း (ရေပြင်ရှာဖွေကယ်ဆယ်ခြင်း) သရုပ်ပြဆောင်ရွက်မှုအား ဓနုဖြူမြို့နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦး​ကျော်မိုးလွင်၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦး​ကျော်မင်းသူ ဦးဆောင်၍ မီးသတ်သန္ဓေနှင့် အရန်တပ်ဖွဲ့၀င် အင်အား(၃၅)ဦးတို့မှ သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်​ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်