ကြံခင်းမြို့နယ်၊ ကြပ်ကွင်းကျောင်းထိုင်ဆရာတော်မှ အမက ကျောင်းသား၊ ကျောင်းသူများ နှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များပေးအပ်

ကြံခင်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ဦ ကြံခင်းမြို့နယ်၊ ကြာအင်းအုပ်စု၊ ကြပ်ကွင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဗလာ စာအုပ်များပေးအပ်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကြပ်ကွင်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသက ဩဝါဒစကား မြွတ်ကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းသုံးပစ္စည်း ဗလာစာအုပ်‌များ ထောက်ပံ့ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းပြောကြားသည်။ ထို့နောက် ဆရာတော် ဦးနန္ဒဝံသက အခြေခံပညာမူလတန်း ကျောင်း(ကြပ်ကွင်း) ရှိ ကျောင်းသား၊ ကျောင်းသူ ၄၇ ဦးနှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးတို့အား တစ်ဦးလျှင် ဗလာစအုပ် တစ်ဒါဇင် ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျေးရွာ အုပ်ချုပ်‌ရေးမှူး ဦးလှအောင်က Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးအား တစ်ဦးလျှင် ပညာသင် စရိတ် ငွေကျပ် ၁၅၀၀၀ိ/- ပညာဒါနပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ကျောင်းထိုင်ဆရာတော် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အမက ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)