ကျိုက်လတ်မြို့၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ဆဋ္ဌမနေ့ ဘာသာပြန်ဘာသာ နှင့် ပဋ္ဌာန်းကုလသတိက်ဘာသာရပ်များ ဆက်လက်ဖြေဆို

ကျိုက်လတ် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ယနေ့ နေ့လယ် (၁၂)နာရီ၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ကျိုက်လတ်မြို့နယ် သံဃနာယကဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၅ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲ ဆဋ္ဌမနေ့တွင် ပထမကြီးတန်း (၉)ပါး နှင့် ပထမလတ်တန်း(၁၃)ပါး၊ စုစုပေါင်းစာဖြေသံဃာ (၂၂) ပါး ဝင်ရောက်ဖြေဆို လျက်ရှိသည်။ အဆိုပါစာမေးပွဲကို နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီ အထိ ဖြေဆိုကြမည်ဖြစ်သည်။ ယနေ့တွင် ဘာသာပြန်ဘာသာနှင့် ပဋ္ဌာန်းကုလသတိက်ဘာသာရပ်များကို အတန်းအလိုက် ဖြေဆိုနေခြင်းဖြစ်ပြီး စာဖြေသံဃာတော်များအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊ နေ့ဆွမ်းနှင့်အအေးများကို ဌာနဆိုင်ရာများ နှင့်အလှူရှင်များက လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)