ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် လှိုင်းဘွဲမြို့၊ မြို့ဝင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

လှိုင်းဘွဲ ဒီဇင်ဘာ ၁၃

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လှိုင်းဘွဲမြို့၏ကျက်သရေဆောင် မြို့ဝင်ပန်းခြံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ရာ ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်က တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦးနှင့် ကရင်ပြည်နယ် စည်ပင် သာယာရေး အဖွဲ့ ညွန်ကြားရေးမှူး သူရဦးမြင့်သူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ပန်းခြံအတွင်း လှည့်လှည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့ဝင်ပန်းခြံကို ကရင်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ကျပ် (၆၈၅)သိန်းဖြင့် လှိုင်းဘွဲမြို့ဝင်ပန်းခြံကို ၂၀၂၀ပြည့်နှစ် ဇွန်လ(၁၅)ရက် နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ(၃၀)ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်သောကြောင့် ဖွင့်ပွဲအခမ်းအနားကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)