လိပ်သိုဒေသထွက် နနွင်းခြောက်တစ်ပိဿာလျှင် (၁၅၅၀ဝိ/-) ကျပ်အထိ စျေးကောင်းရရှိ

လိပ်သို ဇွန် ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိုးရာသီကာလ နနွင်းခြောက်များ စျေးကောင်းရရှိလာသောကြောင့် နနွင်းခြောက်သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။

နနွင်းစိုက်တောင်သူများမှာ နနွင်းတက်များကို ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စတင်တူးဖော်ကြပြီး အခြောက်ပြုလုပ်ကာ ဒေသတွင်းရှိ နနွင်းဝယ်ယူသူများထံရောင်းချကြကြောင်း၊ နနွင်းသိုလှောင်ရောင်းဝယ်သူများက ဝယ်ယူရရှိသော နနွင်းခြောက်များကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့ကြီးများသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။

နွေရာသီကာလက နနွင်းခြောက် တစ်ပိဿာလျှင် (၁၂၀၀၀ိ/-) ကျပ်သာ စျေးရရှိခဲ့သော်လည်း ယခုမိုးရာသီကာလတွင် နနွင်းခြောက်တစ်ပိဿာလျှင် (၁၅၅၀ဝိ/-) ကျပ်အထိ စျေးကောင်းရလျက်ရှိနေသောကြောင့် နနွင်းခြောက်များ တွင်ကျယ်စွာ သိုလှောင်ရောင်းဝယ်လျက်ရှိနေကြ ကြောင်း သိရသည်။

ခင်လေးနွယ်