ဘိုကလေး ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁၈)လမ်းမကြီး(ဘိုကလေး-စက်ဆန်းလမ်းဆုံ)တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ်မော်တော်ယာဉ်များ၊ ယာဉ်နံပတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ ဥပဒေရုံး၊ အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီနှင့် မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်စစ်ဆေးခြင်းဖြစ်ပြီး သွားလာလှုပ်ရှားကြသည့် မော်တော်ဆိုင်ကယ်အပါအဝင် မော်တော်ယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ မောင်းနှင်မှု ရှိ/မရှိစစ်ဆေးခဲ့ပြီး ယာဉ်မောင်းလိုင်စင်မပါရှိသည့် မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူ (၁)ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)