ဟင်္သာတ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာပေးလုပ်ငန်းများကို ယနေ့မနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများတွင် ကျောင်းသားလူငယ်များအနေဖြင့် သဘာဝဘေးအန္တရာယ်တစ်ခုခုနှင့် တွေ့ကြုံလာပါက ပြုမူဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ ဆောင်ရန်ရှောင်ရန်များကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသိပညာပေးဟောပြောခဲ့သည်။
ဟင်္သာတခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအပြင် ပြည်သူလူထုအတွင်းသို့လည်း ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေးစသည့် ဘေးအန္တရာယ်များနှင့်စပ်လျဥ်း၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)