မြန်အောင် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ မြို့မနေခြည်စျေးရှေ့တွင် ယမန်နေ့နံနက်က အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် အခြေခံစားသောက်ကုန် ဆင်းသုခဆန်တစ်ပြည် ၂၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၃၀၀ ကျပ်၊ ဆီငါးဆယ်ကျပ်သား ၃၅၀၀ ကျပ်နှုန်းတို့ဖြင့် ဆင်းသုခဆန် (၅)အိတ်၊ ဆီ ၅၀ ပိဿာ၊ ကြက်ဥအလုံး (၅၀၀) ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုး၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် မြန်အောင်ခရိုင်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦးတို့က ကြည့်ရှု၍ စားသုံးသူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်