မြန်အောင် မြို့မနေခြည်စျေးရှေ့တွင် ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

မြန်အောင် ဇွန် 

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှ မြို့မနေခြည်စျေးရှေ့တွင် ယနေ့နံနက်က အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့်ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် အခြေခံစားသောက်ကုန် ဆင်းသုခဆန် တစ်ပြည် ၂၀၀၀ ကျပ် ၊ ကြက်ဥတစ်လုံး ၃၀၀ ကျပ် ၊ ဆီ ငါးဆယ်ကျပ်သား ၃၅၀၀ ကျပ်နှုန်းတို့ဖြင့် ဆင်းသုခဆန် (၅) အိတ်၊ ဆီ ၅၀ ပိဿာ၊ ကြက်ဥ အလုံး (၅၀၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုး၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် မြန်အောင်ခရိုင်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦးတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)