နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

နတ်မောက် ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဝန်ထမ်းပေါင်းစုံငွေစုငွေ ချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလေးမြင့်နှင့် အတွင်းရေးမှူးတို့က အသင်း၏ ဖွံ့ဖြိုးရေးအကြုံပြုဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အသင်းအမှုဆောင် ဒေါ်မေမဉ္ဇူက အသင်း၏ လုပ်ငန်း အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများအား ဖတ်ကြားရှင်းလင်းခဲ့သည်။

ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသည့် အသင်းသားများအား စုဆောင်းငွေပေါ်အတိုးကျပ် (၂၈ ဒသမ ၉၀) သိန်းနှင့် အစည်းအဝေး ကုန်ကျစရိတ်ကျပ် (၁၁ ဒသမ ၄၀) သိန်းထုတ်ပေးခဲ့ကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ(၆၀) ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း