ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှု‌‌ဖြစ်ပွား

ညောင်တုန်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာအုပ်စု၊‌ ပိတောက်ပင်စုကျေးရွာတွင် ယမန်နေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းမှ အလျား(၅၀)ပေ၊ အနံ(၂၀)ပေခန့်ပြိုကြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းအနီးရှိ သွပ်မိုး၊ ပျဉ်ကာနေအိမ်တစ်လုံးနှင့် သွပ်မိုး၊ ဓနိကာနေအိမ်နှစ်လုံး မြစ်ကမ်းပါးနှင့်ကင်းလွတ်ရာ ဆွေမျိုးများထံသို့ ခေတ္တပြောင်းရွှေ့ခြင်းနှင့် စားသောက်ရေးကိစ္စရပ်များကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)