ဘားအံ ဇွန် ၉
တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေးခြင်း အစီအစဉ်ကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်စိုးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းနှင့် ကျောင်းသား/သူများအတွက် တိုင်းရင်းသားဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ၊ အားကစားပစ္စည်းများ ချီးမြှင့်ပေးအပ် သည်။
ထို့နောက် ပြည်နယ်ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနည်းဥပဒေများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားဘာသာသင်ဆရာ/ဆရာမများ ခန့်ထားမှုအခြေအနေနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်မှု အခြေအနေများကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသော ကျောင်းသား/သူများအား ဗဟုသုတဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူ ကျောင်းသား/သားသူများအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသော ဒေသခံများနှင့် ကျောင်းသား/သူများက တိုင်းရင်းသားဒေသ၏ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်မေးခွန်းစစ်တမ်းကို ဖြေဆိုခဲ့ကြကာ ပြသထားသော အသိပညာပေးပိုစတာများကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်ဖြိုး(တိုင်းရင်းသား)