ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ရဲစခန်းတို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများပူးပေါင်းဆောင်ရွက်

ကြံခင်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ နယ်မြေ ရဲစခန်းနှင့်ရဲကင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး လှခိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့(အတွင်းရေးမှူး) ဒေါ်ကြည်ကြည်အေး၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ လှထွန်းဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝင်းရှိ ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ နေအိမ်လိုင်းခန်းများရှိ ဘုရားညောင်ရေအိုးများနှင့် ရေအိုး၊ ရေခွက်များအား ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ မြို့မရဲစခန်းရှိ အချုပ်ခန်းနှင့် လိုင်းခန်းများရှိ ရေလှောင်ကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ဘက်ရဲနယ်မြေရဲစခန်းတွင် တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးအိအိထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆိတ်သာရဲကင်း စခန်းတွင် တိုက်နယ်ဆရာဝန် ဒေါက်တာစောသာဆဲနှင့် ကျန်းမာရေးဝန်ထမ်းများက ရဲတပ်ဖွဲ့ဝင် မိသားစုများနှင့်ပူးပေါင်းလျက် ရေတွင်း၊ ရေကန်၊ ရေအိုး၊ ဘုရားပန်းအိုး၊ ရေဝင်နေသော ကားတာယာဟောင်းနှင့် ရေအိုင်ခွက်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ဆေးခြင်းနှင့် အဘိတ်ဆေး ခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဖြိုးဝေလင်း