မော်လမြိုင်ကျွန်းမြို့နယ်တွင်  ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မော်လမြိုင်ကျွန်း  ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆)ပုံစံ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ယနေ့ နံနက် (၁၀) နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျုံဝါးကျေးရွာ အ.ထ.က ခွဲကျောင်းနှင့် ညောင်းတုန်းစုကျေးရွာ ဇေယျာဒီပဓမ္မာရုံတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်(၃) ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မော်လမြိုင်ကျွန်းမြို့နယ်ရုံး ဦးစီးအရာရှိ  ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြေပြင်အရောက် ကွင်းဆင်း၍ အိမ်ထောင်လူဦးရေစာရင်း မရှိသေးသူများ၊ နိုင်ငံသာစိစစ်ရေး ကတ်ပြား မရှိသေးသူများကို ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ နိုင်ငံစိစစ်ကတ်နံပါတ်များ ဖြည့်သွင်းခြင်းနှင့် အိမ်ထောင်စုလူဦးရေး စာရင်း (၆၆) ပုံစံ စစ်ဆေးခြင်း လုပ်ငန်းများကို  လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစောဝဏ္ဏတို့က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)