စလင်းမြို့နယ်တွင် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ​​ဇွန်လ ပထမပတ် ကျန်းမာရေးချို့တဲ့ ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး 

စလင်း  ဇွန်  ၈

မကွေးတိုင်းဒေသကြီး၊  မင်းဘူခရိုင် စလင်းမြို့၊ပုထိုးဖြူရပ်ကွက်  ငွေတောင်ဦးကျောင်း  ဒို့မေတ္တာ(အခမဲ့) ကုသိုလ်(၈)မျိုး  ကျန်းမာရေးနှင့်  နာရေးကူညီမှုအသင်းမှ ဇွန်လ(၇)ရက် နံနက်ပိုင်းမှစတင်ကာ နေ့လယ်(၁) နာရီအချိန်အထိ စေတနာရှင်ဆေးဝါးကျွမ်းကျင်သူ  ဆရာဝန်များနှင့် ပူးပေါင်းကာ  ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ  ရဟန်းရှင်လူပြည်သူများအား  ဇွန်လပထမ ပတ် ဆေးကုသပေးလျက်ရှိကြောင်း  သိရသည်။

စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ  အပတ်စဥ်စနေနေ့တိုင်း  (အခမဲ့)စေတနာဆရာဝန်(၄)ဦးနှင့်  တိုင်းရင်းဆေးဆရာ(၁)ဦး၊ ဆေးဝါး ကျွမ်းကျင်သူ စေတနာရှင်(၃၀)ဦးတို့မှ  စုပေါင်း၍  စလင်းမြို့နယ်အတွင်းနှင့် ရပ်ဝေးရပ်နီးမှ ဝေဒနာရှင်ပြည်သူများအား  ဇွန်လပထမ ပတ်ပထမအကြိမ် ဆေးကုသခြင်းကို စမ်းသပ်စစ်ဆေးစားဆေးသောက်ဆေးများ ပေးဝေ၍ဆေးကုသပေးရာ ဆေးကုသမှုခံယူသူ  ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင် (၃၁၈) ဦးအား  စမ်းသပ်စစ်ဆေး၍   အခမဲ့ဆေးကုသပေးပေးလျက်ရှိ​ကြောင်း  သိရသည်။

စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့် နာရေးကူညီမှုအသင်း စတင်တည်ထောင်သည့်နေ့မှစ၍ နှစ်စဥ်/လစဥ်  ပြည်သူများမှထည့်ဝင်လှူဒါန်းလျက်ရှိရာ  ယနေ့ဇွန်လ (၇)ရက်နေ့အထိ  ပြည်သူထည့် ငွေလှူဒါန်းမှုများဖြင့်  ကုသပေးခဲ့ကြောင်း  ဒို့မေတ္တာအခမဲ့ ဆေးခန်းမှ သိရသည်။

(မောင်လွင်)စလင်း