ရေကြည်မြို့နယ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းမြေမြှုပ်ပွဲ ကျင်းပ

ရေကြည် ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ကွမ်းသီး‌ချောင်းအုပ်စု၊ ကွမ်းသီး‌ချောင်းကျေးရွာ၊ တောင်သူ ဦးမောင်မောင်သန်းကွင်းအမှတ်(၈၅၇)၊ ဦးပိုင်အမှတ် (၁၁/၂) ပိုက်ဆံလျော် သစ်စိမ်းမြေသြဇာ (၅.၀၀)ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းမြေမြှုပ်ပွဲကို ယနေ့နံနက်(၉) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးစောထွန်းဝင်းက တောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း၏ ရေရှည် အကျိုးဖြစ်ထွန်းမှု၊ အကျိုးကျေးဇူးများ၊ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်‌ရေးကိစ္စရပ်များအား ရှင်းလင်ပြောကြားခဲ့ပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက သစ်စိမ်းမြေဩဇာ ထည့်သွင်းဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း‌မြေမြှုပ်ပွဲသို့ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးနေလင်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ကွမ်းသီး‌ချောင်းကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။

သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို အသုံးပြုစိုက်ပျိုးခြင်းဖြင့်  လေမှနိုက်ထရိုဂျင်ဓာတ်ကို စုပ်ယူပြီး အပင်ကြီးထွားဖြစ်ထွန်းမှုအတွက် အသုံးပြုနိုင်မည်ဖြစ်ကာ မြေဆီလွှာအား အဓိကအားဖြင့် နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်တင်းပေးခြင်းဖြစ်သဖြင့် ဓာတ်မြေသြဇာ ကုန်ကျစရိတ်သက်သာပြီး၊ တောင်သူများ၏ အကျိုး စီးပွားတိုးတက်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း  သိရသည်။

အောင်သူဟန် (မြို့နယ်ပြန်/ဆက်)