နတ်မောက် ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) တို့ပူးပေါင်း၍စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်၂ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre )တွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေကလူငယ်များ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတတ်စေရန်စာ ဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဒေါ်ဖြိုးအိအိဇော် (အငယ်တန်းစာရေး)က စာဖတ်နည်း(၃)နည်းအကြောင်း၊ စာဖတ်ခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club)အသင်းသူအသင်းသားများကစာရေးဆရာအောင်သစ်ရေးသားသည့်အနာဂတ်လူငယ်နှင့်အခွင့်အလမ်းစာအုပ်ထဲမှ“လူတော်ဖြစ်အောင် ကြိုးစားလူကောင်းဖြစ် အောင်ကျင့်ကြံ” နှင့် “ဆန်းသစ်တီထွင်မှုနဲ့မူပိုင်ခွင့်” ခေါင်းစဉ်ပါအကြောင်းအရာများကို ဖတ်ပြရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း