ဟင်္သာတမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း အခမ်းအနား ပြုလုပ်

ဟင်္သာတ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တောင်ကလုံကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ ကွင်း ၁၅၉၂ ၊ ဦးပိုင် ၇၆/၂ ရှ်တောင်သူ ဒေါ်ညိုညိုစန်းပိုင် လယ် ၁၀ ဧက၌ သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးမျိုးမြင့်မှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစောဝင်းရွှေမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်လာနိုင်ခြင်းနှင့် တောင်သူများ ကုန်ကျစရိတ်သက်သာ၍ ဝင်ငွေတိုးပွားလာနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များအား လက်တွေ့ထယ်ထိုး ထည့်သွင်းသရုပ်ပြသခြင်း ပြုလုပ်ခဲ့ရာ ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများမှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)