မအူပင်မြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မအူပင် ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ မင်းဧရာတံတားအနီး တိုးမြစ်အတွင်းဆောင်ရွက်သည်။

အဆိုပါ သဘာ၀ဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်‌လေ့ကျင့်ခြင်း (ရေပြင်ရှာဖွေကယ်ဆယ်ခြင်း) သရုပ်ပြဆောင်ရွက်မှုအား မအူပင်မြို့နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုး၀င်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဌေး၊ မြို့နယ်ထွေ/အုပ်မှ ဒုတိယဦးစီးမှူး ဦးသီဟကိုကိုတို့မှ ဦးဆောင်၍ မီးသတ်သန္ဓေနှင့် အရန်တပ်ဖွဲ့ဝင်အင်အား (၃၅)ဦးတို့မှ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)